ဒီပုံကတော့ ဘယ်လိုပြောရမလဲ၊ အလေ့ကျပေါက်နေတဲ့ မြက်ပင်လေးကို ညနေ နေဝင်ခါနီး ရိုက်ထားတာပါ၊
f/5.6, 1/640, ISO160, 200mm,
ဒီမြက်ပင်လေးကို ကျွန်တော်တို့ နယ်ဘက်မှာ ခေါ်တာကတော့ ကြက်မောက်ပင် လို့ ခေါ်တာဗျ။ အပင်ရဲ့ထိပ်အဖူးလေးက ကြက်အမောက်လေးနဲ့ တူလို့ အဲလိုခေါ်တာနဲ့တူတယ်။
f/5.6, 1/250, ISO250
ကျွန်တော်တို့ငယ်ငယ်က ဒီကောင်လေးကို ဘယ်လို ဆော့သလဲဆို လက်နှစ်ဖက်လက်ဖျံတွေကို ပက်လက်လှန်ပူးထားပြီး အဲ့ကြားအလယ်တည့်တည့်မှာ အဲဒီကြက်မောက်ပွင့်လေးနှစ်ခုကို မျက်နှာခြင်းဆိုင်ထည့် ပြီးရင် လက်နှစ်ဖက်ကို ရှေ့နောက်လှုပ်ပေးတာနဲ့ မျက်နှာခြင်းဆိုင် ကြက်မောက်ပွင့်လေးတွေက ထခွပ်တော့တာပဲ။
f/5.6, 1/150, ISO160
No comments:
Post a Comment