Breaking

Monday, April 17, 2017

Photoshop Make Up



ဒီနည်းက လုံးဝ beginner တွေအတွက်ပါ။ make up လိမ်းနည်း မြောက်များစွာထဲကနေ အခြေခံအကျဆုံး 
နည်းပဲဖြစ်ပါတယ်။ ပုံတွေနဲ့တော့ ရှင်းမပြတော့ဘူး။ ကိုယ့်ရဲ့ computerက photoshop windowကို ဖွင့်ထားရင် အလွယ်တကူနားလည်ပါလိမ့်မယ်။ ကဲ စလိုက်ရအောင်။

Photoshop နဲ့ အလှပြင်ချင်ရင်
=====================

တစ်ခါမှ Graphic နဲ့ပက်သက်ပြီး မဝေမျှဖူးပါဘူး။
ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်ကူးလေးရလို့  ကျွန်တော့်တူမလေးပုံကို မိတ်ကပ်လိမ်းပေးရင်း Photoshop စိတ်ဝင်စားသူတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

ဒီနည်းက CS6 တွေ CS5 တွေထိ ကိုယ့်စက်ထဲမှာ ရှိဖို့မလိုပါဘူး။ CS3 လောက်နဲ့ဆို အဆင်ပြေပါတယ်။ 

အလှအပတွေ အရှိန်အဟုန်ကောင်းကောင်းစီးဆင်းလာတဲ့ခေတ်မှာ ဒီနည်းလေးနဲ့ ငွေကြေးမကုန်ဘဲ ဝက်ခြံ တင်းတိပ် မှဲ့ခြောက် မျက်နှာအရေအကြောင်း ကင်းစင်အောင်ထိလုပ်လို့ရပါတယ်။ ကျွန်တော်က သဘောတရားပဲ ပြောပြထားတာပါ။ ကျန်တာကတော့ Graphic ပညာရဲ့ သဘောသဘာဝအတိုင်း ကိုယ့်ကကိုယ် ကွန့်ယူပေတော့ပေါ့ဗျာ။

စိတ်ဝင်စားသူတွေ အတွက်ပါ။

(1) အသားရေချောမွေ့မယ်
====================

Tool Box မှာ
Edit and Quick Mask Mood(Q)ကို Click လုပ်ပါ။ အဲဒီToolက foreground color နဲ့ background color ချိန်းတဲ့ Tool အောက်မှာ ကပ်ရပ်ရှိပါတယ်ဗျာ။ တော်ကြာ မတွေ့ဘူးဖြစ်နေမှာစိုးလို့။

အဲဒီ Edit and Quick Mask Mood(Q)ကို Click ပြီးရင် 
Brush Sizeကို သင့်တော်မယ့် sizeထားပြီး မိမိချောမွေ့လိုတဲ့ အသားရေနေရာတွေကို Brush Tool (B)နဲ့ ချယ်ပေးဗျာ။ 
ကိုယ်ချယ်သတဲ့နေရာမှာ ပန်းရောင်ပြေးပါလိမ့်မယ်။

အဲဒီပန်းရောင်ရှိတဲ့နေရာကို Selection Area ဖြစ်ပေါ်ဖို့အတွက် ခုနက Click ပေးခဲ့တဲ့ Edit and Quick Mask(Q) ကို ပြန်ပြီး Click တစ်ချက်ကျွေးလိုက်ပါ။

အဲဒီမှာ ပေါ်လာတဲ့ Selection Area က လိုချင်တဲ့အပိုင်းမဟုတ်ဘဲ ပြောင်းပြန်အပြင်ဖက်အပိုင်းဖြစ်နေလို့ အတွင်းဖက်ပိုင်း ပြောင်းပေးရပါ့မယ်။
Menu Bar က 
Select > Inverse (သို့) Shift + Ctrl + I ကို နှိပ်လိုက်ပါ။

အဲဒီမှာကိုလိုချင်တဲ့ Areaကို Selection ဝင်လာပြီဆိုရင် အဲဒါကို Ctrl + J ကိုနှိပ်ပြီး Copy ပွားလိုက်ပါ။
Layer Palette မှာ Layer 1 နာမည်နဲ့ Layerအသစ်တစ်ခု တိုးလာပါလိမ့်မယ်။ 

အဲဒီ copy ပွားထားတဲ့ Layer ကို Select ပေးရက်နဲ့ပဲ
Filter > Blur > Surface Blur ကို ရွေးလိုက်ပါ။
Surface Blur Box ပေါ်လာမယ်။ အဲဒီမှာ 
Radius = 5 pixels နဲ့
Threshold ကို 15 pixels ထားပြီး OK ကို Click လိုက်ပါ။
( ဘော်ဒါတို့စိတ်ကြိုက်လည်း pixelsတန်ဖိုးတွေ သက်မှတ်လို့ ရတယ်နော် အသေမယူပါနဲ့)

ကဲ အခုဆို ပေါင်းတင်ထားတဲ့ ချောချောမွေ့မွေ့အသားအရေတစ်ခု ရလာပါပြီ။

(2)နှုတ်ခမ်းနီဆိုးပေးမယ်
=================

Layer အသစ်တစ်ခု ခေါ်ပါ။
Layer > New > Layer (သို့) Shift + Ctrl + Nနှိပ်  New Layer Box ပေါ်လာရင် OKနှိပ်။

Tool Box က Brush Tool(B) ကိုရွေးပါ။
Tool Box က Foreground Color ကိုလည်း အနီရောင် ဒါမှမဟုတ် ကိုယ်ဆိုးပေးချင်တဲ့ အရောင်ကို ရွေးထားပါ။
ဒီပုံမှာတော့ color code #e70b1b ကို သုံးထားပါတယ်။ ရပါတယ် ကြိုက်တာသာရွေးပါ။

Brush နဲ့ နှုတ်ခမ်းအလွှာလေးတွေကို စိတ်ရှည်လက်ရှည်ခြယ်ပါ။ပြီးရင် Layer Paletteရဲ့ Blending Mode ကို Soft Light ပြောင်းပေးပြီး Opacity ကို 25•/• ထိလျှော့ပေးပါ။
ဒါကလည်း ကိုယ့်စိတ်ကြိုက် အတိုးအလျော့လုပ်ပေါ့ဗျာ။
OK နှုတ်ခမ်းလေးလည်း ရဲလာပါပြီ။

(3)မျက်ခွံအရောင်ခြယ်မယ်
==================

Layer အသစ်ခေါ်ပါ။ အပေါ်မှာ အသစ်ခေါ်နည်းပြောပြီးသားနော်။ Foreground Color ကို အပြာနုရောင်လေးပေးပြီး Brush နဲ့ မျက်ခွံနှစ်ဖက်ကို ခြယ်ပေးပါ။ စိတ်ကြိုက်ခြယ်ပြီးရင် 

Filter > Blur > Gaussian Blur ကို Click လုပ်ပါ။ 
Gaussian Blur Box မှာ
Radius  = 7.8 pixels လောက်ထားပြီး OK ကိုနှိပ်ပါ။

တကယ်လို့ color က ထင်းထင်းကြီး ပေါ်ပေါ်ကြီး ဖြစ်နေရင် အဆင်မပြေရင်ပေါ့ Gaussian Blurကို ထပ်ပြီး ကစားပေးပါ။ 

(ဒီသင်ခန်းစာလေးက အလွယ်လေးပါ။ Main အနေနဲ့ Filter နဲ့ Layer Blending Mode နှစ်ခုပဲ ကစားနေတာပါ။
ကိုယ့်ကကိုယ် ဥာဏ်ရှိသလို မျက်ခုံး မျက်ဆန် မျက်တောင် အစရှိတာတွေပါ ဒီနည်းလေးတွေအတိုင်း ကွန့်သုံးနိုင်ပါတယ်။)

အဲ ပြန်ဆက်ပါ့မယ်။  မျက်ခွံ color အတွက် Gaussian Blurကို အပေါ်ကအတိုင်း သတ်မှတ်ပေးပြီးရင် Layer Palette က Opacity ကို 35•/•လောက်ထိ လျော့ပေးပါ။

OK မျက်ခွံပြာပြာလေး ရပါပြီ။

(4)ပါးအို့နီခြယ်ပေးမယ်
=================

Layer အသစ်ခေါ်ပါမယ်။
Foreground ကို အနီရောင်ပြောင်းထားပါမယ်။
Brush နဲ့ သင့်တော်သလို ပါးပြင်ပေါ်ကို ခြယ်ပါမယ်။
Filter > Blur > Gaussian Blur ကိုနှိပ်
Gaussian Box မှာ Radius တန်ဖိုး အဆင်ပြေသလို ထားပြီး OK ကို နှိပ်ပါ။

Layer Palette က Blending Mode ကို Overlay ထားပြီး Opacity ကို အဆင်ပြေသလို ကစားပေးလိုက်ရင် ပါးအို့နီလေးရလာပါ့မယ်။

ဟုတ်ကဲ့
ကျန်တဲ့ မျက်ခုံးတွေ မျက်ခမ်းတွေ မျက်တောင်တွေ  ကိုတော့ရေးမပေးတော့ဘူးနော်။ ဒီနည်းတွေအတိုင်းပဲ လိုသလို ဆော့ကြည့်ရင် ရပါလိမ့်မယ်။ အပေါ်ကနည်းတွေအတိုင်းပဲ အတူတူပါပဲ။

___________
ကျေးဇူးပါ။
NayAway

No comments:

Post a Comment

Adbox